သထုံသား မှ လှိုက်လှဲစွာကြိုဆိုပါသည်

2013-02-07

ချစ်သူသို ရင်ဖွင်စာ

နာကျင်စွာနဲ့ ငေးကြည့်နေဆဲ
ဒဏ်ရာတွေနဲ့ ငေးမောနေဆဲ
ဟိုအဝေးဆီကိုသာ
ရင်မှာတွယ်တာသူ

ခုတော့ဘယ်မလဲ
ထားရစ်ခဲတာနင်ပါ ရက်စက်သူလို
မစွပ်စွဲရက်သူဟာ ငါပါ............

တကယ်ဆိုရင် ချစ်ခွင့်မရှိခဲ့လည်း
နင်အနားနားမှာ

အမြဲတမ်းရှိခြင်းခဲ့လဲ
ခုတော့တကယ်ကို ဝေးလွင့်ရပြီပဲ
ထားခဲ့ပါ ထားခဲ့လိုက်ပါ
ငါဟာနင်အချစ်နဲ့မထိုက်တန်သူမို့ပါ
ပြောခဲ့ပါတခွန်းတည်းပါ
နင်အရမ်းမုန်းသူငါပါ.............

နင်အမုန်းတွေကိုကြင်နာစွာပဲ
ငါပွေ့ဖတ်ထားကာ
အဝေးကနေပဲ

ငါနာကြင်စွာလွမ်းနေမှာ
အိပ်မက်တွေ မက်ခဲ့ရင်
နင်လေဒါဟာ တကယ်မဟုတ်ဘူးလို့
တွေးကြည့်ပါ

တိုက်ဆိုင်မူတွေနဲ့ ကြုံကြိုက်တဲ့အခါ

ဒါဟာ ရေပွက်လေးတခုလို့

တွေးမြင်လိုက်ပါ .........ဒါဟာ နင်အတွက်ပါ

No comments:

Post a Comment