သထုံသား မှ လှိုက်လှဲစွာကြိုဆိုပါသည်

2013-02-07

Valentine

♥ နင်နဲ့  အတူတူ ♥ ဆိုတဲ့
စိတ်ကူးလေး မဖြစ်လာပေမယ့်
♥ နင်နဲ့  တစ်ချိန်ချိန် ♥ ဆိုတဲ့
မျှော်လင့်ချက်လေးတော့ ရှင်သန်နေပါသေးတယ် !!!

ဖုန်းလေးပြောရုံ~ online မှာတွေ့ ရုံလေးနဲ့ 
နှစ်သိမ့်ရမယ့် ချစ်သူနှစ်ယောက်ရဲ့  Valentine က
အဓိပ္ပာယ်မဲ့ပြီး အထီးကျန်ဆန်လွန်းပါတယ်ဟာ...

*သဝန်တိုနေမိတယ်...
ငါ မဟုတ်တဲ့ တခြားသူတွေ နင့်အနားရှိနေမယ့်အဖြစ်ကိုပေါ့...

*ကိုယ်ချင်းစာမိတယ်..
နင်လည်း တိမ်တိုက်လိုစိတ်ကူးတစ်ချို့ နဲ့  တမ်းတနေမှာပဲလေ...

* ချစ်သူများနေ့ * ရောက်မှ နင့်ကိုသတိရတယ်လို့ တော့ မထင်ပါနဲ့ နော်...

Valentine အမှတ်တရ သီချင်းတွေ.. ချောကလက်တွေ..နှင်းဆီပန်းလေးတွေမြင်တော့
*ငါ့ရဲ့ အလွမ်းတွေ ပိုအသက်ဝင်လာတယ်..
*အလွမ်းအဆွေး သီချင်းတွေပိုနားထောင်မိလာတယ်...
*နင့်အနား မရှိနိုင်တဲ့အခြေအနေကို ပိုနာကျည်းမိလာတယ်...
*တခြားအတွဲတွေကို အားကျပြီး
စိတ်မကောင်းဖြစ်နေမယ့်နင့်ကို နှစ်သိမ့်ချင်မိတယ်....

ဘာပဲဖြစ်ဖြစ်ပါ ချစ်သူ ♥
ငါ့ရဲ့ မပြောင်းလဲနီုင်တဲ့ ထာဝရချစ်ခြင်းတွေကို
သစ္စာတရားနဲ့  ပါဆယ်ထုပ်ပြီး
နင့်တစ်ဦးတည်းအတွက် ရည်ရွယ်ထားပါတယ်...

နင့်အတွက် အနှိုင်းမဲ့  တန်ဖိုးအရှိဆုံး လက်ဆောင်လေးပေါ့ ^_^

No comments:

Post a Comment