သထုံသား မှ လှိုက်လှဲစွာကြိုဆိုပါသည်

2013-08-14

★သုည♪♫

  1.  ★သုည♪♫


    ယုံကြည်ချက်မဲ့
    ခံစားချက်တို့နဲ့
    မျှော်လင့်ခဲ့တဲ့....စိတ်ကူး
    ဘာမှဖြစ်မလာခဲ့ဘူး
    ငါ့ဘ၀....လမ်းပျောက်ရှ။

    အထီးကျန်ဆန်လှ
    ပျော်ရွှင်မူဆိုတာရယ်
    မရှိခဲ့ပါကွယ်
    ခဏတာပါပဲ
    စိတ်ချမ်းသာမူလေး........။

    အချစ်ဆိုတာရယ်
    အသိခက်ပါတယ်
    စွဲလမ်းလိုရစ်မူး
    ငါအတွက်
    ဘ၀မဖြစ်ခဲ့ဘူး...။

    ငါ့ရဲ့ပိုင်ဆိုင်မူ
    ဝေဒနာများကို
    ဘာမှမရှိတဲ့ဘဝ
    ဘာကိုကျေနပ်ရ
    ရက်စက်လှတဲ့လောက
    ငါ့တယောက်တည်းကိုမှ
    ဘယ်အညိုးနဲ့ရယ်
    ကံဆိုးခဲ့တယ်
    စိတ်ပျက်လှတဲ့ဘဝ
    ရုန်းထွက်လိုလည်းမရ
    မွန်းကျပ်လွန်းတဲ့ဘဝ
    ဘာမှမရှိတဲ့ဘဝ
    ငါရဲ့ဘ၀က...သုည။

No comments:

Post a Comment