သထုံသား မှ လှိုက်လှဲစွာကြိုဆိုပါသည်

2013-09-13

အနာဟောင်း

ဒီရေတွေလို
အတက်အကျနဲ့
ရာသီဥတုအလိုက်မသိတဲ့
တိမ်တွေရှိတယ်...
နက်နက်နဲနဲ
ဓားတစ်စင်းအကြောင်း
စိတ်နဲ့ခေါင်းလောင်းထိုးမိတိုင်
ကျွန်တော်က
ပန်းတွေပွင့်လာမလားလို့
လရောင်ကိုထိုင်ထိုင်မျှားတယ်
အိပ်မက်တွေချောက်လို့
မျက်တွင်းဟောက်နေတဲ့ညဟာ
ရုပ်နဲ့နာမ်တရားကို
ခွဲခြားပစ်ခဲ့တာ
ကျွန်တော့်မှာ
ဘယ်နှစ်ရာသီတောင်ရှိခဲ့မှန်းမသိတော့ဘူး
ဒီလိုနဲ့
ချောကလက်တွေလည်း
အခုထိ
ခါးသက်ဆဲခါးသက်မြဲပါပဲ.....။

No comments:

Post a Comment