ရင်ထဲမှာခံစားချက်လေး ငါမသိခင်မှာပဲ
မင်းရှောင်ပြေးသွားတယ် မင်းမချစ်တတ်ခဲ့ရင်
ကနဦးကဘာလို့မျှော်လင့်ချက်တွေပေးခဲ့ရ
မင်းအကြောင်းတွေးတိုင်း ရင်ထဲမှာအောင့်သက်သက်နေခဲ့တယ်
မင်းကိုစိတ်နာလို့တောါမဟုတ်ပါဘူး
အရမ်းရိုးတဲ့ငါ့ကိုငါမကျေနပ်လို့ပါ
ကောင်းကင်မှာတိမ်တွေပြေးလွှားနေတာကိုကြည့်ရင်း
စင်္ကြ၀ဠာကြီးလောက်ချစ်ခဲ့မိတယ်
ဟိုအရင်တုန်းက
အာဒံနဲ့  ဧ၀ အရမ်းချစ်ကြတယ်ဆိုတာ
ကမ္ဘာပေါ်မှာသူတို့နှစ်ယောက်ပဲရှိသေးလို့လေ
ငါမင်းကိုချစ်ခဲ့တယ်ဆိုတာက အများကြီးထဲကမှ
မင်းတယောက်ကိုစွဲလမ်းပြီး
ချစ်ခဲ့တယ်ဆိုတာ
မင်းလေးသိနိုင်ပါ့မလား..........>>>
No comments:
Post a Comment