2013-09-13
အနာဟောင်း
ဒီရေတွေလို
အတက်အကျနဲ့
ရာသီဥတုအလိုက်မသိတဲ့
တိမ်တွေရှိတယ်...
နက်နက်နဲနဲ
ဓားတစ်စင်းအကြောင်း
စိတ်နဲ့ခေါင်းလောင်းထိုးမိတိုင်း
ကျွန်တော်က
ပန်းတွေပွင့်လာမလားလို့
လရောင်ကိုထိုင်ထိုင်မျှားတယ်
အိပ်မက်တွေချောက်လို့
မျက်တွင်းဟောက်နေတဲ့ညဟာ
ရုပ်နဲ့နာမ်တရားကို
ခွဲခြားပစ်ခဲ့တာ
ကျွန်တော့်မှာ
ဘယ်နှစ်ရာသီတောင်ရှိခဲ့မှန်းမသိ တော့ဘူး
ဒီလိုနဲ့
ချောကလက်တွေလည်း
အခုထိ
ခါးသက်ဆဲခါးသက်မြဲပါပဲ.....။
ရင်ထဲမှာခံစားချက်လေး ငါမသိခင်မှာပဲ
မင်းရှောင်ပြေးသွားတယ် မင်းမချစ်တတ်ခဲ့ရင်
ကနဦးကဘာလို့မျှော်လင့်ချက်တွေေ ပးခဲ့ရ
မင်းအကြောင်းတွေးတိုင်း ရင်ထဲမှာအောင့်သက်သက်နေခဲ့တယ်
မင်းကိုစိတ်နာလို့တောါမဟုတ်ပါဘူး
အရမ်းရိုးတဲ့ငါ့ကိုငါမကျေနပ်လို့ ပါ
ကောင်းကင်မှာတိမ်တွေပြေးလွှားနေတာကိုကြည့်ရင်း
စင်္ကြ၀ဠာကြီးလောက်ချစ်ခဲ့မိတယ်
ဟိုအရင်တုန်းက
အာဒံနဲ့  ဧ၀ အရမ်းချစ်ကြတယ်ဆိုတာ
ကမ္ဘာပေါ်မှာသူတို့နှစ်ယောက်ပဲရှိ သေးလို့လေ
ငါမင်းကိုချစ်ခဲ့တယ်ဆိုတာက အများကြီးထဲကမှ
မင်းတယောက်ကိုစွဲလမ်းပြီး
ချစ်ခဲ့တယ်ဆိုတာ
မင်းလေးသိနိုင်ပါ့မလား......... .>>>
Subscribe to:
Posts (Atom)