ဒီနေ့နည်းပညာခေတ်ကြီးထဲမှာ Company လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းလည်ပတ်မှုနှုန်းကို မြှင့်တင်ဖို့အတွက် (သို့မဟုတ်) လုပ်ငန်းရဲ့ လိုအပ်ချက်အရ စသည်ဖြင့် အကြောင်းပြချက်အမျိုးမျိုးန
ကျွန်တော့်တို့ နည်းပညာလောကမှာ Network Installation လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အရိုးရှင်းဆုံး ပြောရမယ်ဆိုရင် အဓိကအားဖြင့် အခြေခံ အပိုင်း (၃) ပိုင်း ရှိပါတယ်။ အဲဒါတွေကတော့ …..
(၁) Planning
(၂) Implementing
(၃) Maintaining ဆိုပြီး ဖြစ်ပါတယ်။ ကောင်းပါပြီ။ ကျွန်တော်တို့ စတင်လေ့လာကြည့်ကြရအောင်ပါ။
Planning
Planning ဆိုတဲ့ လုပ်ငန်းစဉ်မှာတော့ Network တစ်ခု စတင်မချိတ်ဆက်ခင် မိမိတို့ တပ်ဆင်ချိတ်ဆက်မယ့် လုပ်ငန်းခွင်နဲ့ အံဝင်ခွင်ကျဖြစ်အောင် စီစဉ်ရေးဆွဲရပါတယ်။ ဘယ်လို ပစ္စည်းမျိုးတွေကို အသုံးပြုသင့်တယ်။ ဘယ်လို နည်းပညာကို သုံးပြီး တပ်ဆင်သင့်ပါတယ် စသည်ဖြင့် ဒါတွေကို နှစ်ဦး နှစ်ဖက်ညှိ့နှိုင်းရတဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ဒီအပိုင်းကို လုပ်ဆောင်တဲ့သူဟာ Technician လောကရဲ့ အခေါ်အဝေါ်အရ Network Architect (သို့မဟုတ်) Network Design လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ဒါမျိုးတွေ မရှိပါဘူး။ ကုမဏီတွေဘက်ကလဲ နားမလည်တော့ ဟိုဖုန်းဆက် ၊ ဒီဖုန်းဆက်နဲ့ နောက်ဆုံးတော့ ဈေးသက်သာတဲ့ Service Provider နဲ့ နှပါးသွားလိုက်ကြပါတယ်။ နောက်ဆုံးတော့ ဘယ်ကပဲ နှစ်နာလဲ။ Network Install လုပ်ခြင်းခံလိုက်ရတဲ့ စက်ရုံ ၊ အလုပ်ရုံ ၊ ကုမဏီတွေဘက်ကပဲ နှစ်နာရပါတယ်။ တကယ်တော့ ဒါဟာ လုံးဝ မဖြစ်သင့်တဲ့ အရာတစ်ခုပါ။ Network တော့ ချိတ်လိုက်တာပဲ။ ဒါပေမယ့် စတင် Install လုပ်စဉ်ကတည်းက Planning မရှိပဲ၊ ထိထိမိမိ မဖြစ်တဲ့အတွက် ချိတ်ဆက်ခြင်း ခံရတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း အလုပ်မတွင်ကျယ်ခြင်း၊ လုပ်ငန်းရပ်ဆိုင်းသွားခြင်း
တကယ်တော့ ဒီ Planning အပိုင်းဟာ အရမ်း အရေးကြီးပါတယ်။ Service Provider အနေနဲ့လည်း မိမိတို့ရဲ့ Client Company ကို သေချာစွာ ရှင်းပြပေးနိုင်ရပါမယ်။ Network တစ်ခု စတင်ချိတ်ဆက်တဲ့အခါ Cable ကြိုးတပ်ဆင်တာကအစ နံရံထဲကို ၀ှက်ပြီး ကြိုးသွယ်တန်းမှာလား ၊ အပေါ်ယံ ထွမ်းကင်း နဲ့ သွယ်တန်းမှာလား။ EMI (Electromagnetic Interference ), RFI (Radio Frequency Interference) စသည့်အခြေခံအချက်တွေ၊ Network Cable တွေကို လျှပ်စစ်ကြိုးတွေနဲ့အတူ မသွယ်တန်းသင့်တဲ့ အချက်တွေ။ နံရံထဲက ၀ှက်ပြီးကြိုးသွယ်တန်းမယ်ဆိ
Implementing
ဒုတိယလုပ်ငန်းစဉ် တစ်ခုအနေနဲ့ကတော့ Implementing အပိုင်းပဲ ဖြစ်ပါတယ်။ ဒီအပိုင်းကတော့ ကျွန်တော်တို့ လူငယ်တွေ အတော်ကို ကျွမ်းကျင်ကြတဲ့ အပိုင်းလို့ ပြောရင် မမှားပါဘူး။ Implementing ဆိုတာ အကောင်အထည်ဖေါ်ခြင်း၊ ပြီးစီးအောင် ဆောင်ရွက်ခြင်းကို ဆိုလိုပါတယ်။ တနည်းအားဖြင့် Network တစ်ခုရဲ့ Installation and Configuration လုပ်ငန်းစဉ်ကို ပြောခြင်းဖြစ်ပါတယ်။ အရမ်း ကျွမ်းကျင်ကြပါတယ်။ ဘယ်လို Server မျိုးကို Configuration လုပ်ပြရမလဲ။ Microsoft မှာဆိုရင် Active Directory (AD)၊ Exchange Server, ISA Serverလား ဒါမှမဟုတ်အခု Microsoft company ရဲ့နောက်ဆုံးထုတ် TMG Serverကိုသုံးချင်လား၊ Windows Server 2012 နဲ့ Setup လုပ်ခြင်သလား စသည်ဖြင့် ဘယ်လို server မျိုးကို Configuration လုပ်ပေးရမလဲ။ ကျွန်တော် အကုန်လုပ်တက်တယ်ဆိုတာမျိုြး
Maintaining
နောက်ဆုံး တစ်ခုကတော့ Maintaining အပိုင်းပါ။ ဒီအပိုင်းမှာတော့ Network Installation လုပ်တဲ့ Provider နဲ့ Install လုပ်ခြင်း ခံခဲ့ရတဲ့ Company လုပ်ငန်းရှင် နှစ်ဦး နှစ်ဖက်စလုံးအပေါ်မှာ မူတည်တယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။ Network တစ်ခု Install လုပ်ပြီးသွားရင် ကိုယ့်တာဝန် ပြီးသွားပါပြီလို့ မထင်လိုက်ပါနဲ့။ တချို့ကျတော့လဲ မသိ့ချင်ယောင် ဆောင်နေကြတယ်။ ကိုယ်နဲ့လွတ်ရင်ပြီးရောပေါ့
ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းတစ်ခုမှာ IT ဂဏ္ဍနဲ့ ပတ်သက်လို့ အမြဲဂရုတစိုက်ရှိပါ။ ယနေ့ခေတ်က အရင်တခေတ်တခါတုန်းကလို လက်မထိပ်ကို အပ်စိုက် တူနဲ့ထုပြီး လက်မတွန့်သူကို သူရဲကောင်းရွှေးတဲ့ခေတ် မဟုတ်ပါဘူး။ ခါးပတ်နက်ရမှ ၊ အားကောင်းမောင်းသန် ဖြစ်မှ၊ ခန္တာကိုယ်အလေးချိန် ဘယ်လောက်ရှိမှ ဆိုတာမျိုးတွေ ခေတ်မရှိတော့ပါဘူး။ လက်ရုံးချင်းယှဉ်တဲ့ခေတ် မဟုတ်တော့ပါဘူး။ အွန်လိုင်းကနေ Cyber Attach လုပ်ပြီး တိုက်ခိုက်တဲ့ ခေတ်ဖြစ်နေပါပြီ။ ကမ္ဘာပေါ်မှာ Cyber Wars တွေ Cyber Crimes တွေများစွာဖြစ်ပေါ်နေတာကိုလည
ဒီနေ့ခေတ် အလုပ်ရုံ၊ စက်ရုံ၊ Company တွေအနေနဲ့ရော Network သမားတွေအနေနဲ့ရော Network တစ်ခုကို စတင် Install မလုပ်ခင်မှာကတည်းက ဘယ်လိုတွေ ပြင်ဆင်ထားသင့်တယ်၊ Network Engineer တစ်ယောက်အနေနဲ့လည်း မိမိတို့ Client Company ကို Network တစ်ခု setup မလုပ်ခင်ကြိုတင်ပြင်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ကျွန်တော့်အနေနဲ့ တစိတ်တပိုင်း ရေးသားတင်ပြရင်း ဒီနေရာမှာပဲ နိဂုန်းချုပ်လိုက်ပါတော့မယ်
No comments:
Post a Comment