✔ ကွန်ပျူတာပိုမိုမြန်ဆန်သွက်လက်လာစေ ရန် HD freeing up ပြုလုပ်ခြင်း✔
♕ ကွန်ပျူတာပိုမိုမြန်ဆန်သွက်လက်လာစေ ရန် HD freeing up ပြုလုပ်ခြင်း ကွန်ပျူတာ တစ်လုံးမှာ hard disk
ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ် မိမိရဲ့ hard disk မှာ free space
နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု့ နှေးလာခြင်း၊ program များ run ရာတွင်
ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့
အခါကတည်းက default disk setting ကို Waste capacity ကို များစွာပေးထား တာပါ
ကျွန်တော် တို့က အဲဒီမလိုအပ်တဲ့ wasted capacity ကို လျှော့ချ လိုက်ခြင်း
အားဖြင့် free space များများရရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..
တစ်ဆင့်ခြင်းကို သေသေချာချာ လုပ်ဆောင် သွားဖို့လိုပါတယ်. ပထမဆုံး my
computer ကို ဖွင့်ပါ Localdisk:C ရဲ့properties မှာ usedspace,freespace
ဘယ်လောက် ရှိတယ် ဆိုတာကို မှတ်သားထားလိုက်ပါ ဒါမှသာ ကျွန်တော်တို့ရဲ့
လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက် မှု့ရှိမရှိ ကို သိရှိနိုင်မှာ ပါ ..
မှတ်သားပြီးသွားရင်တော့ ၁။ Start Menu , Control Panel မှ Power options
ကို click ပါကျလာတဲ့ Power options properties dialog box မှ Hibernate
tab ကို ထပ်ပြီး click လိုက်ပါဦး ပြီးရင် EnableHibernation
ဆိုတဲ့စာကြောင်း လေးကို uncheck လုပ်ပြီး Apply , Ok ပေးပါမယ်.. ၂။ Run box
မှာ sysdm.cpl လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ ရရှိလာတဲ့ system
properties dialog box မှ System Restore tab ကို ထပ်ပြီး click ပါမယ်
Available drivers : အောက်က ( C ) ကို select ပေးပြီး settings button ကို
click ပါမယ် Device Settings ဆိုတဲ့ box တစ်ခုထပ်မံ ကျရောက်လာတာ ကို
တွေ့ရမှာပါ Disk space to use: အောက်မှာ မူလက 12 % ( 6132MB) ရှိရာမှ 3%
(1386MB) သို့လျှော့ချလိုက်ပါမယ်. ပြီးရင် Ok ပေးပါ.. ၃။ Start Menu , Internet explorer
ကို open ရပါမယ် Menu bar မှ tools , Internet options ကို click ပါ Delet
files ကို ထပ်မံ click ပါမယ် alert box တက်လာပါမယ် .. Delete all offline
content ဆိုတဲ့ စာကြောင်းကို check ပေးပြီး Ok ပေးပါ ၄။ Delete files
button ရဲ့ ညာဘက်ဘေးက settings ကို click ပါမယ် Amount of disk space to
use : စာကြောင်းအောက်က box ထဲမှာ မူလက 474 MB ပေးထားတာကို 50 MB လို့
ပြင်ရိုက်ပြီး OK ,OK……… နောက်ဆုံးအဆင့်ကတော့ shift+delete နဲ့ ဖျက်မထား
မိလို့ Recycle Bin ထဲက မလိုအပ်တဲ့ ဖိုင်တွေကို right click ထောက်ပြီး
Empty Recycle Bin လုပ်ပါမယ် ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ
free space ဘယ်လောက်တိုးလာ သလဲဆိုတာ စစ်ဆေးကြည့်ရင်း မိမိကွန်ပျူတာ
ဘယ်လောက် မြန်ဆန်သွက်လက် လာသလဲဆိုတာ စမ်းသပ်ကြည့်ကြပါစို့လား ………
အနှစ်ချုပ်ကတော့.. • Recycle Bin: Default 10 % dropped to 1% •
Hibernation:Default ON ( for notebooks) switched OFF • Internet
explorer: Default 474 MB dropped to 50 MB • System Restore: Default 12%
dropped to 1% (~ 1 GB)♕
No comments:
Post a Comment