သထုံသား မှ လှိုက်လှဲစွာကြိုဆိုပါသည်

2013-08-14

အားလုံးနဲ့ မသက်ဆိုင်သောငါ

“အားလုံးနဲ့မသက်ဆိုင်တဲ့ငါ ”

ငါ့ကိုမချစ်ပါနဲ့
လမိုက်ညတွေတိုင်း
ငါက ပိုးစုန်းကြူးတစ်ကောင်လောက်
အလင်းရောင်ဖန်းတီမပေးနိုင်တဲ့လူမို့ပါ …

ငါ့ကိုအလေးမထားပါနဲ့
မိုးသည်းတဲ့အချိန်တိုင်း
ငါက သစ်တစ်ရွက်စာလောက်တောင်
အမိုးအကာမပေးနိုင်တဲ့လူမို့ပါ …

ငါ့ကိုထည့်မစဉ်းစားပါနဲ့
နှင်းတွေသိပ်သည်းစွာကျတိုင်း
ငါက ပ၀ါတစ်ထည်လောက်တောင်
အနွေးဓါတ်မပေးနိုင်တဲ့လူုမို့ပါ

ငါ့ကိုဂရုမစိုက်ပါနဲ့
နေပူပြင်းပြင်းမှာ
ငါက ယက်တစ်ခတ်စာတောင်
အအေးဓါတ်မပေးနိုင်တဲ့လူမို့ပါ …

ဘာကြောင့်လဲမသိချင်ပါနဲ့
လက်ရှိအချိန်မှာ
ငါ့က ပန်းတိုင်တွေဖြိုချခံလိုက်တဲ့
အပယ်ခံတစ်ယောက်မို့ပါ ….

No comments:

Post a Comment